Social Icons

ကွန်ပျူတာ ဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲ သိချင်သလား?


 ကျွန်တော်တို့တွေ ကွန်ပျူတာ သုံးနေတယ်ဗျာ ။ တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တယ် ။ ငါထိုင်နေတာ ဘယ်လောက်ကြာပြီလဲ ။ ထပြီးတော့ လမ်းလျောက်သင့်ပြီလားလို့ပေါ့ ။ နာရီကို Alarm ပေးထား မလိုပါဘူး ။ ကိုယ့်ဖာသာကိုယ် ကွန်ပျူတာ မှာပဲ ကြည့်ကြရအောင်ဗျာ ။ မသိသေးတဲ့ သူတွေ အတွက် ကျွန်တော်ပြောပြလိုက်မယ်နော်....


ပထမတစ်နည်းက Task manager ကို ခေါ်ပြီးတော့ ကြည့်တာပါ ။ ပထမဆုံး Ctrl + Shift + Esc Or Ctrl + Shift + Del ကို ခေါ်လိုက်ပါ ။ ပြီးရင်တော့  Performance က Up time ကို ကြည့်လိုက်ပါဗျာ ။ မိမိသုံးနေတဲ့ အချိန်က အချိန်နဲ့အမျှ မှတ်သားနေတာပါ ။ ဒါက Window 7 အတွက်ပါ ။




Window XP သမားတွေအတွက်တော့  Run box ကနေ ကြည့်တာပါ ။ကျွန်တော့် XP မဟုတ်တဲ့ အတွက် ရေးတဲ့အတိုင်းရေး ဆက်ရေးတာပါဗျာ ။ 
Run box  မှာ systeminfo လို့ ရိုက်ပြီးတော့ Enter လိုက် ခဏစောင့်ပေးလိုက်ဗျာ ...


 
ခဏလေးစောင့်ပေးပြီးရင်တော့ အချက်အလက်တွေ တက်လာပါလိမ့်မယ်ဗျာ... အဲဒီမှာ System up time ကို ကြည့်ကြည့်လိုက်ပါဗျာ ။ ဒါက နေ့တောင် အဆစ်ပါသေးတယ်ဗျာ ။


 
Blogger Templates