အစစ်အမှန်မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။ ဖေ့ဘုတ်ခ်တွင်သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို အသေအချာ ဖတ်ရှုပါ။၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။ပြီးတော့ လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေပုန်းကွယ်နှင့်ပြီးဖြစ်သည်။ သို့သော် သင်ဟာ ၎င်း categories အများအပြားတွင်ဆက်တင်ကို မသုံးဘူးဆိုရင် တခြားလူတွေက သင့်ရဲ့ အချက်အလက်တွေကိုမြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဖေ့ဘုတ်လ်အကောင့်အတွက်အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။
၁။ သင်ကိုယ်သင်ကာကွယ်ရန် click Account> Privacy settings> Profileinformation ဆီသွားပါ။ Categories ၁၂ ခုလုံးအတွက် သင့်ရဲ့သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။ အဲဒီနောက်မှာ Privacy> Contactinformation ကို ပြန်သွားပါ။ သင့် privacy ဆက်တင်မှာရှိတဲ့ categories ၉ခုလုံးကိ ပြင်ဆင်ပါ။
၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။
တစိမ်းတရံလူများရဲ့ သင့် စာမျက်နှာကို ဆက်သွယ်လာမှုကို တားဆီးရန် Account>Privacy settings> Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက်‘Only friends’ ဆိုတဲ့ ကို ရွေးချယ်ပါ။
၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။
သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့ကောက်ကြောင်းပုံတွေကို ကြေငြာ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက်ဆက်သွယ်လာမှာ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ ကြေငြာတွေမှာ သင့်အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။
ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings >Applications and websites ကို ကလစ်ပါ။ နောက်တဖန် ‘InstactPersonalisation Pilot Program ’ ကို သွားပြီး ‘Edit setting’ ကိုကလစ်ပါ။ ဖန်သားပြင်ရဲ့ အောက်ဆုံးမှာ ပုံးလေဟာအမှန်ခြစ်ထားတာမှာရှိတဲ့အတွက် အသေအချာ ပြုလုပ်ပါ။ ဘယ်ကြေငြာမှာမှ သင့်အချက်အလက်တွေ မပေါ်အောင် အသေအချာလုပ်ဆောင်ရမှာက Account> AccountSettings> Facebook Adaverts ဆီသွားပါ။ ‘no one’ on ‘Allow ads onplatform pages to show my information to’ နှင့် ‘Show my socialactions in Facebook ads to’ တခုကို ရွေးချယ်ပါ။
၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။
အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့အကြောင်းအရာအသစ်ဖြစ်ပါတယ်။ အဲဒီ feature အသစ်က သင်အကောင့်ကို ဆက်သွယ်ဖို့ကြည့်ရှုစစ်ဆေးမယ့် devices များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။Account> Account settings > Account security သို့ သွားပါ။ ‘Would youlike to receive notifications for logins from new devices’ ကိုကလစ်ပေးပြီးနောက်မှာ အောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကိုမေးနေပါလိမ့်မယ်။ အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီ ပို့ပါလိမ့်မယ်။အခုချိန်မှာတော့ သင်မသုံးတဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က၀င်ရောက်မယ်ဆိုရင် အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံ ရရှိပါလိမ့်မယ်။ထိုပုံစံမျိုး ဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်းလျှို့ဝှက်နံပါတ်ကို ပြောင်းလဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့ Help Centre ကိုအကြောင်းအကြားပါ။
၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။
ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကိုခိုယူသူတွေအတွက် ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ပိုမိုပြည့်စုံတဲ့ သတင်းအပြည့်အစုံတွေစုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့သင့် ဘဏ် သို့မဟုတ် credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီးအသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့ မွေးရက်သက္ကရာဇ်အပြည့်အစုံထည့်သွားပြီးခဲ့လျှင် ပရိုဖိုင် စာမျက်နှာဆီသွားပြီး ‘info’tab ကို ကလစ်ပါ။ “Edit information” လုပ်ပါ။ အခြေခံအကြောင်အရာအချက်လက်အောက်မှာ မွေး သက္ကရာဇ်တွင် လ သို့မဟုတ် ရက်ကိုသာဖော်ပြပါ။ အပြည့်အစုံ မဖော်ပြပါနဲ့။
၆။ သင်သူငယ်ချင်များမှ သင်ကိုယ်သင် ကာကွယ်ပါ။
သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါသူတို့သည် third parties မျာနှင့် သင့် အချက်လက်များကို မတော်တဆအသုံးပြုလာနိုင်တယ်။
ကာကွယ်ရန်အတွက် Account > Privacy Settings > Applications and websites> What your friends can share about you သို့သွားပါ။ပုံးပုံစံအားလုံးထဲက အမှတ်ခြစ်ထားတာတွေကို ပြန်ဖြုတ်ပြီး saveပြန်လုပ်ပါ။
၇။သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။
ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာ အပြည့်အစုံမသုံးမိရန် အသေအချာ လုပ်ပါ။ ဒါကတော့ ‘Info’ section မှာ မထည့်ဖို့အတွက်ပါပဲ။